PSG က သူ့ကို ရောင်းထုတ်ဖို့ ရည်ရွယ်ချက်ရှိတာကို သတိပြုမိတဲ့ နေမာဟာ ကလပ်ပြောင်းကစားဖို့ စဉ်းစားဆုံးဖြတ်ထားပါတယ်။

PSG က သူ့ကို ရောင်းထုတ်ဖို့ ရည်ရွယ်ချက်ရှိတာကို သတိပြုမိတဲ့ နေမာဟာ ကလပ်ပြောင်းကစားဖို့ စဉ်းစားဆုံးဖြတ်ထားပါတယ်။-Soccer Live Scores | Latest Results & Fixtures

ဘရာဇီးမီဒီယာ “UOL” ၏ဖော်ပြချက်အရ နေမာသည်အသင်းမှသူ့ကိုရောင်းချရန်ရည်ရွယ်ထားကြောင်းကိုသိရှိပြီးနောက်၊ သူကိုယ်တိုင်လည်းပတ်ဝန်းကျင်အပြောင်းအလဲအတွက်အသင်းမှထွက်ခွါရန်စဉ်းစားဆုံးဖြတ်ထားပါတယ်လို့သိရှိရပါတယ်။

PSG မှနေမာကို ရောင်းချဖို့ အလေးထား စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ကစားသမား ကိုယ်တိုင်ကလည်း သတိထားမိခဲ့ပါတယ်။  ပြီးခဲ့သောရာသီအနည်းငယ်တွင် နေမာ၏စွမ်းဆောင်ရည်များ အတက်အကျရှိသော်လည်း ၎င်းသည် အသင်းမှထွက်ခွာရန် အစီအစဉ်မရှိကြောင်းနှင့် ပြီးခဲ့သည့်နှစ် ဇွန်လကမှ အသင်းနှင့် 2027 ခုနှစ်ထိစာချုပ်သက်တမ်းတိုးခဲ့ပါသည်။

ဒါပေမယ့် ဒီတစ်ခါတော့သူမှလည်းကလပ်ပြောင်းကစားဖို့အတွက်လည်း စဉ်းစားဆုံးဖြတ်ထားပါတယ်။  နေမာကို PSG မှစတင်ခါ်ယူစဉ်က ယူရို 222 သန်း ပေးခဲ့ရသော်လည်း ၎င်းတို့သည် ရောင်းရန် သို့မဟုတ် အငှားအတွက်တောင်းဆိုသည့် စျေးနှုန်းကို လျှော့ချရန် ဆန္ဒရှိနေသည်။

နေမာက အသင်းကနေ ထွက်ခွာခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ဟာ သူ့ရဲ့ ပထမဆုံး ဦးတည်ရာ ဖြစ်လာလိမ့်မယ်လို့မီဒီယာတွေက ဖော်ပြခဲ့ပြီး မကြာသေးမီလတွေအတွင်းမှာ ချဲလ်ဆီး၊ နယူးကာဆယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့လို အသင်းတွေနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးသည်။

MDL97 online casino
忘记密码联系客服找回
Link Btn