အင်တာဗျူးတစ်ခုတွင် Behrami သည် မီလန် ၏ခေါ်ယူမှုဗျူဟာအကြောင်းပြောခဲ့ပြီး၊ မီလန်က Icardi၊ Dybala နှင့် Zaha ကိုခေါ်ယူကစားသင့်ကြောင်းပြောကြားခဲ့ပါသည် ။
Behrami က ” ကျွန်တော် မီလန် ရဲ့ အပြောင်းအရွှေ့ မှာ ယူရို သန်း 50 နဲ့ ဘတ်ဂျက် ရှိတယ် ဆိုရင် ဗဟိုခံစစ်နေရာမှာ ယူရို သန်း 20 တန်ကြေး ရှိတဲ့ Icardi ကိုစဉ်းစားမှာဖြစ်ပြီး၊ ဒါဟာ Icardi နဲ့ပတ်သက်လို့ မီဒီယာပိုင်းတွေ မှာ အကျိုးသက်ရောက်မှု များနိုင်ပေမဲ့ ဒါဘီပွဲမှာတော့ အကျိုးသက်ရောက်မှုက မတူညီတဲ့ခံစားချက်တွေ ဖြစ်စေမှာပါ။”
“ကွင်းလယ်မှာတော့ တန်ကြေး ယူရို 10 သန်းရှိတဲ့ Alkmaar က Redes ကိုခေါ်ယူဖို့ စဉ်းစားထားပါတယ်။ သူ့ရဲ့ထူးခြားချက်က Tielemans နဲ့ ဆင်တူပါတယ်။ သူကတော့ အီတလီမှာ ကောင်းကောင်းကစားနိုင်မှာဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။”
“ အဲနောက် ကျွန်တော်က Dybala ကို ခေါ်ယူဖို့စဉ်းစားပါမယ်။ သတ်မှတ်ချက်တွေအရဆိုရင်တော့ သူ့ကို ယူရို သန်း 20 နဲ့ ရိုးမားကနေ ခေါ်ယူနိုင်မှာပါ။ ပြီးရင်တော့ Zaha ကို အလွတ်ခေါ်ယူဖို့ စဉ်းစားသွားမှာပါ။ ခရစ္စတယ်ပဲလေ့စ်နဲ့ သူ့ရဲ့ စာချုပ်ဟာလည်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။” လို့ပြောကြားခဲ့ပါသည် ။