မန်ချက်စတာယူနိုက်တက်အသင်းဟာ ရက်ရှ်ဖို့ဒ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ ပို ပိုနီးစပ်လာနေပါတယ်။ ဗြိတိန် “Manchester Evening News” က ဘုတ်အဖွဲ့ဝင် စီမံခန့်ခွဲရေး လူကြီးမင်းများသည် ရက်ရှ်ဖို့ဒ်၏ အမြင့်ဆုံးလစာ ပေါင် 375,000 နှင့် စာချုပ်သစ်ကို အမြန်ဆုံး တရားဝင် ထုတ်ပြန်နိုင်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။ အခြားသတင်းရင်းမြစ်တစ်ခုက တနင်္လာနေ့ညတွင် စာချုပ်ညှိနှိုင်းမှုများသည် နောက်ဆုံးအဆင့်သို့ရောက်ရှိနေပြီဖြစ်ပြီး နှစ်ဦးနှစ်ဘက်စလုံးက သဘောတူညီချက်တစ်ရပ်ကို မကြာမီတရားဝင်ကြေငြာနိုင်မည်ဟု ယုံကြည်ကြောင်း တနင်္လာနေ့ညတွင် ပြောကြားခဲ့သည်။
အသက် 25 နှစ်အရွယ် ရက်ရှ်ဖို့ဒ်သည် ၎င်း၏လက်ရှိစာချုပ် နောက်ဆုံးနှစ်သို့ရောက်ရှိလာပြီ ဖြစ်ပြီး ပြီးခဲ့သည့်ရာသီက ဂိုး 30 သွင်းယူကာ ကလပ်အသင်းက လစာပိုပေးရန် အကြောင်းဖန်လာရသည်။ PSG အသင်း ဥက္ကဌ Nasser Al-Khelaife သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် Rashford အား ကလပ်မှ စိတ်ဝင်စားကြောင်းကို အတည်ပြုခဲ့ပြီး အင်္ဂလန်မှကြယ်ပွင့်တဖြစ်လဲအေးဂျင့်ဖြစ်သူ Dwayne တို့သည် PSG အသင်းနှင့်လည်း တွေ့ဆုံခဲ့ပြီး၊ ဒါဟာ မန်ချက်စတာယူနိုက်တက်အပေါ် ဖိအားများတိုးစေခဲ့သည်။
ရက်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့်ရာသီက ရိုင်ယန်ဂစ် နောက် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သည့် ပထမဆုံး မန်ချက်စတာယူနိုက်တက်လူငယ် ကစားသမားဖြစ်လာခဲ့ပြီး ယင်းအချက်များကြောင့် ၎င်း၏စာချုပ်သစ်လုပ်ခသည် ပေါင် 300,000 ထက် ကျော်လွန်သွားခဲ့သည်။ ဗြိတိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ သူဟာ လစာအများဆုံးကစားသမား မူလဂိုးသမား ဒီဂီယာ နေရာကို အစားထိုးဖော်ပြခံရဖွယ်ဖြစ်နေပြီး အသင်းမှာ လစာအများဆုံး ပေါင် 375,000 ရရှိမှာဖြစ်ပါသည်။
တနင်္လာနေ့ညက အိုးလ်ထရက်ဖို့ဒ်တွင် ဥရောပဖလားခြေစစ်ပွဲတွင် ရက်ဖို့ဒ်သည် အင်္ဂလန်ကိုကိုယ်စားပြုကစားခဲ့သည်။ ခြင်္သေ့သုံးကောင်သည် မြောက်မက်ဆီဒိုးနီးယားကို 7-0 ဖြင့်အနိုင်ယူပြီး ရက်ရှ်ဖို့ဒ် က တစ်ဂိုးစီသွင်းခဲ့သည်။ သတင်းရင်းမြစ်က “မားကပ်စ် (ရက်ရှ်ဖို့ဒ်) က မန်ချက်စတာကသူ့ရဲ့အမိအိမ်ဖြစ်တာကြောင့် အရမ်းဂုဏ်ယူနေရပါကြောင်း အဲဒီအတွက်ကြောင့် သူဟာ အိုးလ်ထရက်ဖို့ဒ်မှာ နိုင်ငံလက်ရွေးစင်အသင်းကို ကိုယ်စားပြုကစားရတာဟာ အမြင့်ဆုံးဂုဏ်ထူးဆောင်လုပ်ဆောင်မှုတွေထဲက တစ်ခုလို့ မြင်ပါတယ်။” လို့ဖော်ပြခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ ဆက်နေချင်တယ်လို့ အားလုံးက ထင်ခဲ့တာ ကြာပါပြီ။ သူဟာ အသက် 7 နှစ် ကတည်းက မန်ချက်စတာ ယူနိုက်တက် အသင်း မှာ ရှိနေခဲ့ပြီး ကလပ်အသင်း ရဲ့ လူငယ် လေ့ကျင့်ရေးပါရမီရှင်တစ်ဦး ဖြစ်သလို ထူးချွန်အဆင့် ရှိသူ တစ်ဦး လည်း ဖြစ်ပါတယ် ။ ဟက်ဂ်ဆယ်ဦးဆောင်မှုအောက်မှာ ဆက်လက်ကစားဖို့ စိတ်အားထက်သန်နေသူဖြစ်ပြီး ရာသီမှာ ငါးဂိုးသာသွင်းပြီး သူ့ရဲ့ခက်ခဲတဲ့ကစားသမားဘဝကာလကနေ ပြန်လည်နိုးထနိုင်ခဲ့ပြီး၊၎င်းဟာ ဒီရာသီမှာ ဂိုး ၃၀ သွင်းပြီး မန်ချက်စတာယူနိုက်တက် ရဲ့အကောင်းဆုံးကစားသမားအဖြစ် မှတ်တိုင်ထူ နိုင်ခဲ့ပါတယ်။ ဒါဟာလည်း ဆယ်ဟက်ဂ်ရဲ့ယုံကြည်မှုနဲ့ အားပေးမှုတို့ကြောင့်လည်း ဖြစ်ပါတယ်။
အင်္ဂလန်အသင်းမှာ ရက်ရှ်ဖို့ဒ်နဲ့ ပူးပေါင်းကစားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းခေါင်းဆောင် ဟယ်ရီကိန်း၊ မန်ချက်စတာယူနိုက်တက်က သူ့ကို ဒီနွေရာသီမှာ ဝယ်ယူဖို့ စျေးနှုန်းကမ်းလှမ်းခဲ့ပြီး ဒန်နီရယ်လီဗိုင်းကို ပေါင်သန်း 100 ကိုစျေးလျှော့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ကိန်းသည် အိုးလ်ထရက်ဖို့ဒ်တွင် မြောက်မက်ဆီဒိုးနီးယားနှင့်ပွဲတွင် နှစ်ကြိမ်ဂိုးသွင်းခဲ့သည်။
ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းဟာ အသက် 30 နှစ်ပြည့်တော့မယ့် ကိန်း ကို ဝယ်ယူဖို့အတွက် ပေါင် သန်း 100 ပေးချေမှာမဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။ ဒါကြောင့် Ten Hag က သူ့ကို ခေါ်ယူဖို့ လက်လျော့လိုက်ပုံရပါတယ် ၊တခြားဗဟိုပစ်မှတ် အဖြစ် အတ်တလန်တာ က ဒိန်းမတ် “New Harland “ Heulund ကိုခေါ်ယူဖို့အတွက် ကြိုးစားလုပ်ဆောင်သွားဖွယ်ရှိနေပါတယ်။၊”။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်နည်းပြက ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ တိုက်စစ်မှူးတစ်ဦးကို ရယူလိုတာကြောင့် တော့တင်ဟမ်ဟော့စပါးအသင်းအနေနဲ့ ကိန်းရဲ့စျေးနှုန်းကို ပေါင်သန်း 80 နဲ့ လျှော့ချလိုက်မယ်ဆိုရင် သရဲနီတွေဟာ ညှိနှိုင်းရေးစားပွဲဆီ ပြန်သွားနိုင်ပါတယ်။
တော့တင်ဟမ်ဟော့စပါးပိုင်ရှင် Levy ဟာ သူတို့ရဲ့ပြိုင်ဘက်တွေကို အားကောင်းဖို့အတွက် ပရီးမီးယားလိဂ် ကလပ်အား ကိန်း ကို ရောင်းချမှာမဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်းပြောခဲ့တာက ဝမ်းနည်းစရာပါပဲ။ ရီးယဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီနှင့် ဘိုင်ယန်မြူးနစ်တို့သည် ကိန်းကို စောင့်ကြည့်နေသည့် ဥရောပသူဌေးကြီးများဖြစ်သည်ဟု အများကထင်မြင်နေကြသော်လည်း သူတို့သည် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သည့် ကစားသမားတစ်ဦးအတွက် အဆမတန် ပေးချေရန် ဆန္ဒမရှိကြပေ။
ကိန်း ဟာ မန်ချက်စတာယူနိုက်တက်သို့ပြောင်းရွှေ့ကစားလိုသော သဘောထားရှိပြီး၊ စပါးက သူ့အတွက် တောင်းဆိုတဲ့စျေးနှုန်းကို လျှော့ချလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ သို့သော်လည်း levy က ဆုံဖြတ်ချက်ပြတ်သားပြီး စျေးလျော့ချဖို့မရှိသည့်အနေအထားဖြစ်နေပါသည်။ ဥပမာ-လွန်ခဲ့သည့်နှစ်နှစ်က မန်စီးတီး၏ ကိန်းအပါ် ပေါင် 125 သန်း ကမ်းလှမ်းမှုကို ပယ်ချခဲ့ချိန်တွင် ကိန်း သည် ရွေးချယ်ခွင့်မရှိ နောက်ထပ်တစ်နှစ်ထပ်နေခဲ့ရပြီး တစ်နစ်ပြီးမှ အလွတ်နဲ့အသင်းမှထွက်ခွါနိုင်မည်အရေး ဖြစ်ခဲ့ဖူးပါသည်။
ဒါပေမဲ့ အတ်တလန်တာမှ အသက် 20 နှစ်အရွယ် ဟိုလီလန်းအတွက် ပေါင် 86 သန်းနဲ့ ပေးရတဲ့ဈေးဆိုတော့ ကိန်းက မျှော်လင့်ချက် အလင်းတန်းကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ၊ မန်ချက်စတာယူနိုက်တက်အနေနဲ့ ကလည်း ဒီလိုစျေးနှုန်းကို လက်ခံနိုင်မှာ မဟုတ်ပါဘူး။