Gundogan – မန်စီးတီးအသင်းခေါင်းဆောင်ဖြစ်ရတာ ဂုဏ်ယူမိပါတယ် ၊ နည်းပြတန်ဟက်ရဲ့ပြုပြင်ပြောင်းလဲမှုတွေကြောင့် မန်ယူကို ရင်ဆိုင်ကစားဖို့ခက်ခဲစေသည်

Gundogan – မန်စီးတီးအသင်းခေါင်းဆောင်ဖြစ်ရတာ ဂုဏ်ယူမိပါတယ် ၊ နည်းပြတန်ဟက်ရဲ့ပြုပြင်ပြောင်းလဲမှုတွေကြောင့် မန်ယူကို ရင်ဆိုင်ကစားဖို့ခက်ခဲစေသည်-Soccer Live Scores | Latest Results & Fixtures

မန်ချက်စတာစီးတီးအသင်းဟာ FA ဖလားဗိုလ်လုပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပြီး ပွဲမစခင် အင်တာဗျူးတစ်ခုမှာ ဂန်ဒိုဂန်က အသင်းခေါင်းဆောင်ဖြစ်ရတာ အလွန်ဂုဏ်ယူမိကြောင်းနဲ့ ဒီပြိုင်ပွဲရဲ့ အခြေအနေအချို့ကိုလည်း ပြောဆိုခဲ့ပါတယ်။

Gundogan က “ဒီအံ့အားသင့်စရာကောင်းတဲ့ကလပ်အသင်းခေါင်းဆောင်ဖြစ်ရတာဂုဏ်ယူမိပါတယ်၊ ဒါကမတူကွဲပြားတဲ့ ဖိုင်နယ်ပွဲတစ်ခုပါပဲ။ အသင်းခေါင်းဆောင်အနေနဲ့ အသင်းသားတွေကိုကျွန်တော်တတ်နိုင်သမျှကူညီပေးချင်ပါတယ်၊ ကျွန်တော်လုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်။”

“အက်ဖ်အေဖလားက အရေးကြီးပါတယ်၊ ဒါဟာ ရှည်လျားတဲ့သမိုင်းကြောင်းရှိပြီး 2019 ခုနှစ်ကတည်းက ကျွန်တော်တို့ နိုင်ပွဲမရခဲ့ပါဘူး၊ ဒါကြောင့်ဒီပွဲမှာအနိုင်ရဖို့ကျွန်တော်အထူးတလည်မျှော်လင့်ထားပါတယ်။ အထူးသဖြင့် ဖိုင်နယ်က ဒါဘီပွဲဖြစ်ပြီး ကျွန်တော်တို့ရဲ့ အကြီးမားဆုံးပြိုင်ဘက်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး၊ ကျွန်တော်တို့ ဒီပွဲကိုကစားဖို့ စိတ်အားထက်သန်နေပါတယ်။ ”

အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်လာတာနဲ့ ပတ်သက်ပြီး Gundogan က “ရာသီအစမှာ အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်ခံရတာဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကျွန်တော်ကစားခဲ့တဲ့ပုံစံကို သဘောကျမိလို့ လို့ ကျွန်တော်ထင်ပါတယ်၊ ဒါဟာ ကျွန်တော်အနေနဲ့ဘယ်အရာမဆို ပြောင်းလဲဖို့ မလိုဘူးလို့ ကျွန်တော်ထင်မြင်ခဲ့တဲ့အကြောင်းရင်းလဲဖြစ်ပါတယ် “

“ကျွန်တော်လုပ်ရမှာက လူတိုင်းကို အတတ်နိုင်ဆုံး မျှမျှတတ ဆက်ဆံတတ်ဖို့ပါပဲ။ ကစားသမားပဲဖြစ်ဖြစ်၊ ဝန်ထမ်းပဲဖြစ်ဖြစ် ပြဿနာရှိနေရင် ကျွန်တော်အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေးပါတယ်။ ကျွန်တော်ကတော့ ဒီတာဝန်ကို ကျေပွန်စွာဆောင်ရွက်နိုင်ဖို့ နေ့တိုင်း ကြိုးစားဆောင်ရွက်နေပါတယ်။ .”

မန်ချက်စတာယူနိုက်တက်နဲ့ပတ်သတ်ပြီး ဂန်ဒိုဂန်က “ပထမဆုံးအနေနဲ့ သူတို့ရဲ့တစ်ဦးချင်းစွမ်းရည်တွေက အရမ်းတော်ပါတယ်။ တကယ်လို့ အခြေအနေကောင်းနေရင် ဘယ်ပြိုင်ဘက်ကိုမဆို သူတို့အနိုင်ယူနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့ဒီရာသီမှာ အရမ်းကောင်းတဲ့အခြေအနေနဲ့ အဆုံးသတ်လိုက်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ သူတို့ရဲ့နည်းပြက တစ်ချို့အရာတွေကို ပြုပြင်ပြောင်းလဲမှုပြုလုပ်ထားပြီး၊ သူတို့ဟာ ဒီပွဲမှာ တအားလိုက်လျောညီထွေဖြစ်အောင် ကစားနိုင်တဲ့ အနေအထားရှိပြီး စိတ်ပိုင်းဆိုင်ရာအနေအထားလည်းကောင်းမွန်ပြီး ဒါဟာကစားဖို့အရမ်းခက်ခဲတဲ့ ဖိုင်နယ်တစ်ပွဲဖြစ်လာမှာပါ။”

ချန်ပီယံလိဂ်ဗိုလ်လုပွဲက FA ဖလားဖိုင်နယ်ကို ထိခိုက်နိုင်မလားလို့ မေးမြန်းရာမှာ ဂန်ဒိုဂန်က “ကျွန်တော်တို့ စိတ်ရှုပ်ထွေပြားနေမှာမဟုတ်ပါဘူး၊ အဝတ်လဲခန်းထဲမှာ ဘယ်သူမှ မပြောကြဘူး၊ အားလုံးက အပြင်လောကကဝေဖန်ပြောနေကြတာပါ၊ ကျွန်တော်တို့လုပ်ရမှာက နိုင်အောင်ကစားဖို့ပါပဲ ။ အရင်တုန်းက ကျွန်တော်တို့အနိုင်ရအောင်ကစားခဲ့ပြီးပါပြီ”

“ကျွန်တော်တို့မှာ ဖိုင်နယ်နှစ်ပွဲ ကစားဖို့ရှိပြီး သူတို့ကို အနိုင်ရအောင် ကျွန်တော်တို့ကြိုးစားသွားမှာပါ။ တခြားအရာတွေကို နေ့တိုင်း စိတ်ထဲမှာ မထားပါဘူး၊ အရေးကြီးတာက နောက်ပွဲတွေကို အနိုင်ရဖို့ပါပဲ။” လို့ပြောကြားခဲ့ပါတယ်။

 

MDL97 online casino
忘记密码联系客服找回
Link Btn