အမ်ဘာပေသည် အသင်းတွင် ဆက်ရှိနေမည်ဖြစ်ကြောင်း သူကိုယ်တိုင်အတည်ပြုခဲ့ပြီး၊ PSG ရှေ့တန်းတိုက်စစ်မှူးတွင် သူတစ်ဦးသာ ကျန်ရှိတော့မည်ဖြစ်သည်

အမ်ဘာပေသည် အသင်းတွင် ဆက်ရှိနေမည်ဖြစ်ကြောင်း သူကိုယ်တိုင်အတည်ပြုခဲ့ပြီး၊ PSG ရှေ့တန်းတိုက်စစ်မှူးတွင် သူတစ်ဦးသာ ကျန်ရှိတော့မည်ဖြစ်သည်-Soccer Live Scores | Latest Results & Fixtures

ရင်ခုန်စိတ်လှုပ်ရှားရတဲ့ ရာသီနောက်ဆုံးပွဲကျန်သေးပေမယ့် လိဂ်ချန်ပီယံဆုကို ဆွတ်ခူးထားပြီးဖြစ်တဲ့ PSG အတွက် နောက်ဆုံးကစားတဲ့ရလဒ်က သူတို့အပေါ် သက်ရောက်မှုရှိမှာမဟုတ်သည့်အတွက်၊ အသင်းမှနွေရာသီအပြောင်းအရွှေ့ကာလ၌ ပြင်ဆင်ဆောင်ရွက်မှုတွေကို အားစိုက်လုပ်နေပါတယ်။ ယခင်အပြောင်းအရွှေ့ကာလနှစ်ခုနှင့် နှိုင်းယှဉ်ပါက ယခုနွေရာသီသည် PSG အတွက် အလွန်အလုပ်များနေမည်မှာ သေချာပါသည်။ချန်ပီယံလိဂ်တွင် ကျရှုံးမှုများနှင့် ကွင်းပြင်ပတွင် ကမောက်ကမဖြစ်မှုများကြုံတွေ့ခဲ့ရပြီးနောက် အသင်း၏အဓိကလူစာရင်းကို အပြည့်အဝပြင်ဆင်သွားမည်ဖြစ်သည်။ ကစားသမားအများအပြား နွေရာသီ၌ အသင်းမှထွက်ခွါဖွယ်ရာရှိနေပါသည် ။

PSG အတွက် အရေးကြီးဆုံး က ရှေ့တန်းတိုက်စစ်မှူး သုံးယောက် ပြဿနာပဲ ဖြစ်ပါတယ် ။ မက်ဆီရဲ့ စာချုပ်က တစ်ပွဲပဲ ကျန်ပါတော့တယ်။ နေမာက အသင်းကနေ ထွက်ခွာဖို့ သူ့စိတ်ကူးကို အကြိမ်ကြိမ် ထုတ်ဖော်ခဲ့ပါတယ်။ အမ်ဘာပေရဲ့ စာချုပ်ဟာ လာမယ့်နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒါက PSG လက်ရှိအခြေအနေပါပဲ။လက်ရှိအချိန် PSG အနေနဲ့ လုပ်သင့်တာက တော့ အမ်ဘာပေကို ဒီနွေရာသီမှာ အသင်းကနေ မထွက်ခွာဖို့ လို့ ဦးစွာလုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။ မက်ဆီရဲ့ ထွက်ခွာမှုဟာ ငြင်းပယ်လို့မရတော့တဲ့အရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ နောက်တစ်ဆင့်ကတော့ နေမာအတွက် သင့်တော်မယ့် အသင်းကို ရှာဖွေပေးပြီး အသင်းပြန်လည်တည်ဆောက်ရေး လုပ်ငန်းကို စတင်ဖို့ ဖြစ်ပါတယ်။ .

ကံကောင်းထောက်မစွာဖြင့် အင်တာဗျူးအတွင်း အမ်ဘာပေ သည် လာမည့်ရာသီတွင် အသင်းတွင်ဆက်ရှိနေမည်ဖြစ်ပြီး ယခုနွေရာသီတွင် ထွက်ခွာမည်မဟုတ်ကြောင်း အတည်ပြုခဲ့သည်- “PSG အသင်းနှင့် ကျွန်တော်၏စာချုပ်မှာ တစ်နှစ်ကျန်ရှိနေသေးပြီး လာမည့်ရာသီတွင် ကျွန်တော်ဒီနေရာတွင် ဆက်ရှိနေမည်ဖြစ်သည်။” ဤသတင်းသည် PSG အတွက် အကောင်းဆုံးသတင်းဖြစ်သည်မှာ သေချာပါသည်။ ၎င်းတို့သည် အခြားအသင်းများမှ ပြိုင်ဆိုင်မှုများနှင့် အခြားကစားသမားများ၏ ပြဿနာများကို စိတ်ပူစရာမလိုဘဲ ဘာပေ ဖြင့် အသင်း၏ တိုက်စစ်အမာခံကို အတည်ပြုလိုက်ပြီဖြစ်သည်။ PSG အတွက် ဆက်လက်လုပ်ဆောင်ရန်မှာ ဘာပေ အတွက် သင့်တော်တဲ့ ကစားဖော်ကို ရှာဖွေပြီး လာမယ့်ရာသီမှာ ချန်ပီယံဆုရယူဖို့ ကြိုးစားလုပ်ဆောင်ရန်သာဖြစ်ပါတော့သည်။

ဘာပေ ရဲ့ စွမ်းရည် ဟာ ယနေ့ကမ္ဘာ့ဘောလုံးလောကရဲ့ နံပါတ်တစ်ကစားသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။ မတူညီတဲ့အသံတွေရှိနိုင်ပေမယ့် အနည်းဆုံးတော့ သူဟာ ထိပ်တန်းအဆင့်သုံးဆင့်ထဲက ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ . ဘာပေဟာ အသင်းမှာဆက်နေဖို့ တရားဝင်ကြေငြာထားတာကြောင့် ဘာပေကိုခေါ်ယူဖို့သတင်းထွက်ရှိခဲ့ဖူးတဲ့ ရီးယဲလ်မက်ဒရစ်ဟာ သူ့ရဲ့ခေါ်ယူမှုဗျူဟာကိုပြောင်းလဲပြီး အခြားမှခေါ်ယူခြင်းကိုသာအာရုံစိုက်နိုင်တော့မှာဖြစ်ပါတယ်။ လာမယ့်နှစ် ဒီအချိန်မှာ သူဟာအလွတ်နဲ့ ထွက်ခွါနိုင်မှာ ဖြစ်ပြီး အဲအချိန်ဟာရီးရဲလ်မက်ဒရစ်အတွက် သူ ပြောင်းရွှေ့လာဖို့အချိန်ကောင်း ဖြစ်ပါလိမ့်မယ်။

ရီးယဲလ်မက်ဒရစ်နှင့် အမ်ဘတ်ပီတို့ကြား ဆက်ဆံရေးပျက်ပြားသွားသော်လည်း အမ်ဘာပေအတွက် 1 ယူရိုပေးချေမည်မဟုတ်ဟု ဖလော်ရန်တီနိုက ပြောကြားခဲ့သော်လည်း ပြောင်ရွေ့ကြေးပေးရန်မလိုသည့် အခွင့်အရေးရှိခဲ့သော် ဘာပေကိုခေါ်ယူကစားရန် ရီးယဲလ်မက်ဒရစ်အသင်းက ဆန္ဒရှိနေဆဲဖြစ်သည်။ သို့သော်လည်း သတိပြုသင့်သည်မှာ အမ်ဘာပေ သည် PSG မှ ထွက်ခွာပြီးနောက် မည်သည့်အသင်းတွင်မဆို သွားရောက်ကစားပါက PSG မှာ နေစဉ်လောက်ကောင်းတဲ့ အကျိုးခံစားခွင့်တော့ရမှာမဟုတ်ပါဘူး။ လော့ကာခန်း၏ အခန်းကဏ္ဍ၊ အသင်း၏ စီမံခန့်ခွဲမှုတွင် ပါဝင်ခြင်း နှင့် အသင်း၏အဓိကကစားသမားဖြစ်ခြင်း၊ ဒီအခြေအနေတွေဟာ လိုက်လျောညီထွေ ဖြစ်ဖို့ ခက်ခဲပြီး အသင်း ရဲ့ ပံ့ပိုးကူညီမှုကို ရရှိမှာ မဟုတ်ပါဘူး။

MDL97 online casino
忘记密码联系客服找回
Link Btn