ယနေ့နံနက်အစောပိုင်းက ဗလင်စီယာကို ၀–၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောပွဲ၌ Vinicius အား ဗလင်စီယာပရိသတ်များကလူမျိုးရေးအရ ပုတ်ခတ်ပြောဆိုခဲ့ပြီး မျောက်ဟု ခေါ်ဆိုခဲ့ကြရာ၊ ပွဲစဉ်နောက်ဆုံးအချိန်၌ Vinicius နှင့် Duro ပဋိပက္ခ ဖြစ်သည့်ကိစ္စနှင့်ပတ်သက်ပြီး ကိုယ်ထိလက်ရောက်ပြုလုပ်မှုနှင့် ဒိုင်လူကြီးက အနီကတ်ပြသခဲ့သည်။
“စပိန်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဖြစ်ပျက်ခဲ့တာတွေနှင့်ပတ်သက်၍ ထိတ်လန့်ပြီး ဒီသဘောထားတွေကိုအပြီးသတ်ဖယ်ရှားပစ်ရမယ်ဆိုတာ သိလိုက်ရပါတယ်။ ဒါကြောင့် အပြင်းထန်ဆုံး အရေးယူဆောင်ရွက်မှုတွေကိုချက်ချင်းဆောင်ရွက်နိုင်ဖို့ သဘောတူညီချက်တွေကို အရေးပေါ်အသက်သွင်းဖို့ တိုက်တွန်းလိုက်ပါတယ်” ဟု စပိန်ဘောလုံးအဖွဲ့ချုပ်က ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အကြမ်းဖက်မှု ဆန့်ကျင်ရေး ကော်မရှင်နဲ့ အမျိုးသား ကောင်စီ၊ မျိုးချစ်နှင့်အားကစားကော််မတီ ၊ လူမျိုးရေးခွဲခြားမှုကော်မတီ များသည် ဤကိစ္စနှင့်ပတ်သက်၍အရေးယူမှုများပြုလုပ်သင့်သည်။ ယခုကိစ္စအပါ ဤကဲ့သို့သော ပြသာနာဖြစ်ပါက ကွင်းကိုပိတ်သင့်ကြောင်း၊ အဲနောက်အလားတူအကြမ်းဖက်မှုထပ်မံဖြစ်ပွါးပါကအားကစားရုံကိုထပ်ပိတ်သင့်ပါသည်။ “
“စပိန်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဒီဝမ်းနည်းဖွယ်ဖြစ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့၊ စည်းမျဥ်းစည်းကမ်းတွေကိုလေးစားလိုက်နာပြီး အားကစားဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရပ်တန့်ဖို့နဲ့ တရားစီရင်ရေးဆိုင်ရာ အယူခံမှုတွေကို နှောင့်နှေးမနေစေဘဲ ကလပ်အသင်းတွေနှင့် ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။” လို့ပြောကြားခဲ့ပါသည်။