ရီးယဲလ်မက်ဒရစ်အသင်းဟာ ဘယ်လင်ဟမ်ကိုမန်စီးတီးအသင်းအနေနဲ့ သူ၏အသင်းသို့ပြောင်းရွှေ့ကစားဖို့မခေါ်ယူစေလိုသောသဘောထားရှိခြင်း ၊ အကြောင်းမှာ ကစားသမား၏ပြောင်းရွှေ့ကြေး မြင့်မားလာခြင်းမှရှောင်ရှားလိုခြင်း

ယခုသတင်းတွေအရ ရီးယဲလ်မက်ဒရစ်အသင်းဟာ ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဂမ်ကို ယခုနွေရာသီမှာ ခေါ်ယူဖို့ ရည်ရွယ်ထားပြီး ခေါ်ယူဖို့ နီးစပ်နေပြီလို့သိရပါတယ်။

မကြာသေးမီက သတင်းထောက် Ben Jacobs မှဘယ်လင်ဂမ် ၏အပြောင်းအရွှေ့နှင့်ပတ်သက်၍ CaughtOffside တွင်ဆောင်းပါးတစ်ပုဒ်ရေးသားခဲ့ပါသည်။ သတင်းထောက်က “ရီးရဲလ်မက်ဒရစ်ဟာ ဘယ်လင်ဟမ်ကို အထူးတလည် စိတ်ဝင်စားနေတယ်ဆိုတာ သံသယဖြစ်စရာမလိုပေမယ့် ကလပ်နှစ်ခုကြား ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်နေပါသေးတယ်၊ ရီးယဲလ်မက်ဒရစ်အပြင် မန်စီးတီးအသင်းကလည်း ကစားသမားတွေကို စိတ်ဝင်စားနေတာ ကြာပါပြီ၊ ဂရီလစ်ရှ်နဲ့ ဟာလန်း ကလည်း ကစားသမားတွေကို သီးသန့်တွေ့ဆုံစည်းရုံးခဲ့ပါသေးသည်” လို့ရေးသားခဲ့ပါသည်။

ဟာလန်း ဟာ မန်စီးတီးကိုမပြောင်းခင် ယခင်ကလပ်အသင်း၌ သူနဲ့ ဘယ်လင်ဟမ်တို့ဟာ အတွဲအဖက်ညီ၊ တိုက်စစ်စွမ်းရည်အားကောင်းပြီးချိတ်ဆက်မိတဲ့ကစားသမားဖြစ်ခဲ့ပါတယ် ။တစ်ကယ်လို့ ဘယ်လင်ဟမ်အနေနဲ့ မန်စီးတီးကို ပြောင်းရွှေ့ကစားမည်ဆိုပါက ဟာလန်းနှင့်အသင်းတစ်ခုတည်း၌ကစားပါက၊ ၎င်းတို့နှစ်ဦးယခင်ကလပ်၌ကစားခဲ့သည့်နည်းဗျူဟာကိုဆက်လက်ကျင့်သုံးနိုင်ဖွယ်ရှိပါသည်။ နည်းဗျူဟာပိုင်းအရ မန်စီးတီးကလည်း ဒီလိုဖြစ်သွားတာကို မြင်ချင်တယ်လို့ မြင်မိပါသည်။

ဒါပေမယ့် မန်စီးတီးက ဘယ်လင်ဂမ်ကို ခေါ်ယူဖို့အတွက် ဒေါ့မွန်ကို တရားဝင် ကမ်းလှမ်းမှု မပြုလုပ်ခဲ့ပါဘူး။ ရီးယဲလ်မက်ဒရစ် ဘက်မှလည်း မန်စီးတီးအနေနဲ့ ကြေးမဖွင့်ဖို့မျှောင့်လင့်နေပါတယ်။ ဒါဟာလည်း ကစားသမားများရဲ့ ပြောင်းရွှေ့ကြေးမမြင့်မားလာဖို့ ရှောင်ရှားလိုတာလည်းဖြစ်ပါတယ်။

MDL97 online casino
忘记密码联系客服找回
Link Btn