ဂွာဒီယိုလာ – အိမ်ကွင်းကစားတဲ့အခါဘယ်ဖက်ပိုင်းမှာ ပိုကောင်းအောင် ကစားနိုင်မလဲကိုစောင့်ကြည့်ရမှာဖြစ်ပြီး တစ်ခုခု သင်ယူနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပြိုင်ပွဲ၌ ရီးယဲလ်မက်ဒရစ်နဲ့ ပထမအကျော့မှာ ၁-၁ သရေကျကစားပြီးနောက် မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက BT Sport ၏ အင်တာဗျူး၌ အသင်းအနေနဲ့ အိမ်ကွင်းမှာ ပိုကောင်းအောင် လုပ်ပြနိုင်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။

ပြိုင်ပွဲနှင့်ပတ်သက်၍

ဂွာဒီယိုလာက “ကျွန်တော်တို့ ခြေစွမ်းကောင်းနေချိန် သူတို့ဂိုးရတာပေါ့ ၊ သူတို့ခြေစွမ်းပိုကောင်းချိန် ကျွန်တော်တို့ချေပဂိုးပြန်ရပါတယ်။ ဒါဟာတော်တော်အကြိတ်အနယ်ပြိုင်ကစားရတဲ့ပွဲပါ၊ ဘာနေဗျူးမှာကစားတဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဖြစ်ပြီး တစ်ခါတရံမှာ ကျွန်တော်တို့အတွက် လှပတဲ့ အခိုက်အတန့်တွေရှိသလို တစ်ခါတစ်လေမှာ ပြိုင်ဘက်ကိုရင်ဆိုင်ရခက်ခဲခဲ့ပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့အိမ်ကွင်းမှာ ကျွန်တော်တို့ရဲ့ဖိုင်နယ်ပွဲကစားရမှာဖြစ်ပါတယ် “ လို့ပြောကြားခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ကျွန်တော်တို့ အဖွင့်ကစားပုံကောင်းပါတယ်၊ သူတို့ဘက်ဘောလုံးစမြှောက်ကစားချိန်ကစပြီး ကျွန်တော်တို့ခြေထဲဘောလုံးပြန်မရခဲ့ပါဘူး၊ ကျွန်တော်တို့ဘယ်တောင်ပံကနေ ဘောလုံးရခွင့်ရှိခဲ့ပေမယ့် သူတို့ကစားပုံတော်တော်ကောင်းခဲ့ပါတယ်။ ဒါပေမဲ့အဲနောက် ကီဗင်ဒီဘရိုင်းက ကျွန်တော်တို့အတွက် အံမခန်းအံဩဖွယ်ဂိုးသွင်းပေးခဲ့ပါတယ်။ ။ ကျွန်တော်တို့အတွက်လည်းမဆိုးတဲ့အနေအထားဖြစ်သွားပါတယ်၊ ပြိုင်ဘက်အသင်းမှလည်း အခွင့်အရေး ကောင်းတွေ ရခဲ့ပါတယ် ။

ပြိုင်ဘက်ကစွမ်းဆောင်ရည်မြင့်မားပြီး၊ အတွေ့အကြုံကောင်း၊ခြေစွမ်းကောင်းကြတယ်။ ဒါပြီးရင်တော့ကျွန်တော်တို့ အိမ်ကွင်းပြန်ကစားရမှာဖြစ်ပါတယ်၊ ကျွန်တော်တို့ဘယ်ဖက်ပိုင်းမှာပိုကောင်းအောင်ကစားရမလဲပဲစောင့်ကြည့်ရမှာဖြစ်ပါတယ်၊ ခင်ဗျားတို့အဲလိုပြိုင်ပွဲကြုံရချိန် အဲဒါက play-off ကစားခွင့်နဲ့ တူတယ်၊ ဒါကြောင့် ကျွန်တော်တို့သင်ယူစရာအများကြီးရမယ်လို့မျှော်လင့်ပြီး တိုက်စစ်နဲ့ ခံစစ်ကို ပိုကောင်းအောင် လုပ်သွားမှာပါ။

ဟာလန်း ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး

ဂွာဒီယိုလာက ကွင်းလယ်လူနဲ့ နောက်ခံလူတွေကြားမှာပြေးလို့မရအောင်ညှပ်ကစားရတာဟာ ဟာလန်းအတွက် မလွယ်ပါဘူး၊ သူကစားတာကောင်းပါတယ်လို့ပြောကြားသွားခဲ့ပါတယ်။

MDL97 online casino
忘记密码联系客服找回
Link Btn