L’Equipe ၏ အဆိုအရ မက်ဆီအသင်းသည် ဆော်ဒီအာရေဗျနှင့် နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့ပြီး တစ်နှစ်လစာ ယူရို သန်း 500 နှင့် အကျိုးခံစားခွင့် စုစုပေါင်း ယူရို သန်း 600 ဖြင့် ခေါ်ယူမည်ဖြစ်ကြောင်းသိရှိရပါသည်။
L’Equipe သတင်းအရ မက်ဆီသည် ဆော်ဒီခေါင်းဆောင်နှင့် နှုတ်အားဖြင့်စာချုပ်သက်တမ်း နှစ်နှစ် (တစ်နှစ်ထပ်တိုးခွင့်) ၊ တစ်နှစ် ယူရို သန်း 500 ၊ ရော်နယ်ဒို၏ လစာ 2.5 ဆ နှင့် အခြားခံစားခွင့်များ ၊ စုစုပေါင်း ယူရိုသန်း 600 တန်ကြေးရှိမည်ဖြစ်ပြီး၊ အချိန်မရွေး ထွက်ခွာခွင့် ပြုမည့် သဘောတူညီချက်အရပ်ရပ်တို့ပါရှိပါသည်။ဒါပေမယ့် တရားဝင်စာချုပ်ချုပ်ဆိုခြင်းမရှိသေးပါဘူး။