ရမ်စ်ဒေးလ်ဟာ အာဆင်နယ်အသင်းနဲ့ ကာလရှည်စာချုပ်သက်တမ်းတိုးတော့မှာဖြစ်ပြီး ကစားသမားတွေအနေနဲ့ လစာများစွာတိုးမြှင့်ရရှိတော့မှာဖြစ်ပါတယ်။

ရမ်စ်ဒေးလ်ဟာ အာဆင်နယ်အသင်းနဲ့ ကာလရှည်စာချုပ်သက်တမ်းတိုးတော့မှာဖြစ်ပြီး ကစားသမားတွေအနေနဲ့ လစာများစွာတိုးမြှင့်ရရှိတော့မှာဖြစ်ပါတယ်။-Soccer Live Scores | Latest Results & Fixtures

“London Evening Standard” ရဲ့ သတင်းဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ရမ်စ်ဒေးလ်နှင့်ဆာကာကိုကာလရှည်စာချုပ်သက်တမ်းတိုးတော့မှာ ဖြစ်ပြီး အသင်းက ကစားသမားတွေကို လစာများစွာ တိုးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။

ရမ်စ်ဒေးလ်ရဲ့ လက်ရှိ စာချုပ်ဟာ 2025 ခုနှစ် နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး သူ့ရဲ့ ရက်သတ္တပတ် လစာဟာ ပေါင်60,000 ရှိပါတယ်။  ဒီရာသီမှာ သူဟာအရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့အတွက် အာဆင်နယ်မှ သူ့ကိုကာလရှည် စာချုပ်သစ်ချုပ်ဆိုဖို့ မျှော်လင့်နေပြီး၊  ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းဂိုးသမားအဖြစ် ရပ်တည်နိုင်ဖို့ အာဆင်နယ်အသင်းက ရမ်ဒေးလ်ကို စာချုပ်သစ်မှာ လစာအများကြီးတိုးပေးဖို့လည်းအဆင်သင့်ဖြစ်နေပါပြီ။

ထို့အပြင်သတင်းအရ အာဆင်နယ်အသင်းသည် ဆာကာ၊ ဆလီဘာတို့နှင့် စာချုပ်သက်တမ်းတိုးရန် ညှိနှိုင်းဆွေးနွေးနေပြီး ၎င်းတို့၏ လက်ရှိစာချုပ်များသည် လာမည့်နွေရာသီတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိတွင် ဆာကာနှင့် အာဆင်နယ်အသင်းတို့သည် စာချုပ်သက်တမ်းတိုးရန် မူအားဖြင့် သဘောတူညီမှုရရှိထားပြီဖြစ်ပြီး၊ အသက် 21 နှစ်အရွယ် တိုက်စစ်မှူးက အာဆင်နယ်အသင်းနှင့် ကာလရှည်စာချုပ်ချုပ်ဆိုရန်ဆန္ဒရှိသည်။

ဆလီဘာ၏ စာချုပ်သက်တမ်းတိုးခြင်းမှာ အခြေနေမထူးခြားသေးသော်လည်း အာဆင်နယ်နည်းပြအာတီတာက၎င်းကိစ္စအပေါ် အကောင်းမြင်ပြီး နှစ်ဖက်ကြားဆက်ဆံရေးမှာ ပြဿနာမရှိသည့်အပြင် ဆက်ဆံရေးမှာလည်းအဆင်ပြေချောမွေ့နေပါကြောင်း၊ စာချုပ်သက်တမ်းတိုးမတိုးကတော့ အခြေအနေ အချိန်အခါပေါ်မူတည်ကြောင်းပြောကြားခဲ့ပါသည်။

MDL97 online casino
忘记密码联系客服找回
Link Btn