အမ်ဒီခါ ၏ အေဂျင်စီသည် ရိုးမားနှင့် အပြောင်းအရွှေ့အတွက် ညှိနှိုင်းနေပြီး၊ အခွန်ဆောင်ပြီးနောက် ရိုးမားမှတစ်နှစ်လစာ ယူရို 2.5သန်း ဖြင့် ကမ်းလှမ်းထားသည်။

ဂျာမန်မီဒီယာ “Bild” သတင်းအရ က ဖရန့်ဖတ်နောက်ခံလူ အမ်ဒီခါ၏အေဂျင်စီ သည် ရိုးမားအသင်းနှင့် အပြောင်းအရွှေ့အတွက် မကြာသေးမီက ညှိနှိုင်းဆွေးနွေးနေခဲ့ပြီး၊ ရိုးမားမှ အခွန်ဆောင်ပြီးနောက် တစ်နှစ်လစာ ယူရို 2.5 သန်း ဖြင့်ကမ်းလှန်းထားကြောင်းသိရပါသည်။

သတင်းဖော်ပြချက်အရ အမ်ဒီခါ သည်ယခုနွေရာသီတွင် ဖရန်းဖတ်မှထွက်ခွါမည်မှာ သေချာတိကျတဲ့သတင်းဖြစ်တယ်လို့ဆိုပါတယ်။ အကြောင်းမှာ 2026 ခုနှစ်အထိစာချုပ်သစ်ချုပ်ဆိုထားခြင်းမရှိသောကြောင့်ဖြစ်ပါသည်။

မကြာသေးမီရက်များအတွင်း ၎င်း၏ အေဂျင်စီ AMS Consulting မှ ပြောင်းရွှေ့ကြေးနှင့်ပတ်သက်၍ ရိုးမားနှင့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ မကြာသေးမီက အေဂျင်စီမှရိုးမားနည်းပြ မော်ရင်ဟိုနှင့် ဓာတ်ပုံတစ်ပုံကို အင်စတာဂရမ်တွင် တင်ခဲ့ပါသည်။ထိုဓာတ်ပုံတွင်ပါရှိသည့် Michaël N’Cho သည် အမ်ဒီခါ၏တာဝန်ခံ မန်နေဂျာဖြစ်ပါသည်။

သတင်းဖော်ပြချက်အရ အမ်ဒီခါ ရိုးမား၌ အခွန်ဆောင်ပြီးနောက် တစ်နှစ်လစာ ယူရို 2.5 မှ 3 သန်းအထိ ရရှိနိုင်လိမ့်မည်ဟု ဆိုသည်။ သို့သော် ဖရန်းဖတ်မှ အားကစားဒါရိုက်တာ Klosher က အခွန်မဆောင်မီ တစ်နှစ်လုပ်ခ ယူရို 2.5 သန်းဖြင့် သုံးနှစ်စာချုပ်ချုပ်မည်ကို သူလက်မခံခဲ့ပေ။

အသက် 23 နှစ်အရွယ် ဗဟိုခံစစ်ကစားသမားဟာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ အိပ်မက်ရှိပြီး ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတယ်လို့လည်း သတင်းတွေအရ သိရပါတယ်။ ဒါပေမယ့် သူ့အသင်းမှာရပ်တည်နိုင်မလားဆိုတာ မေးခွန်းထုတ်စရာပါ။

ဒီရာသီပွဲမှာ ဖရန်းဖတ်မှကစားသမား အမ်ဒီခါ ဟာ ရက်သတ္တပတ်အနည်းငယ်လောက် ကစားရည်ကျဆင်းနေပြီး ဒဏ်ရာတွေ ရခဲ့ပါတယ်။ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ဂျာမန်ဖလား ဆီမီးဖိုင်နယ်မှာ Stuttgart နဲ့ ကစားခဲ့သောပွဲ၌ အသင်းဘက်မှကစားသမားနှင့်ကူညီကစားပေးခဲ့ပြီး အသင်းမှဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ သူအနေနဲ့က ဆုဖလားနဲ့အသင်းကိုနှုတ်ဆက်ခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

MDL97 online casino
忘记密码联系客服找回
Link Btn