ကြီးမားသောအပြောင်းအလဲဖြစ်စေနိုင်မှု ၊ ဗြိတိန်ဘီလီယံနာ မှ ပေါင် 6 ဘီလီယံဖြင့် မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူမည်ဟုကမ်းလှမ်းထားမှုမှာအတော်နီးစပ်နေပြီဟုသိရှိရပါသည်။

ကြီးမားသောအပြောင်းအလဲဖြစ်စေနိုင်မှု ၊ ဗြိတိန်ဘီလီယံနာ မှ ပေါင် 6 ဘီလီယံဖြင့် မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူမည်ဟုကမ်းလှမ်းထားမှုမှာအတော်နီးစပ်နေပြီဟုသိရှိရပါသည်။-Soccer Live Scores | Latest Results & Fixtures

ကြီးမားသော အပြောင်းအလဲဖြစ်စေနိုင်သည့်မန်ယူအသင်းအားဝယ်ယူမည့်သတင်း ။ ဗြိတိန်နိုင်ငံရှိ အချမ်းသာဆုံးပုဂ္ဂိုလ် Ratcliffe သည် မန်ချက်စတာယူနိုက်တက်အသင်းအား ဝယ်ယူရန် နီးစပ်နေပြီဟု ဗြိတိန်မီဒီယာ အများအပြား၏ ဖော်ပြချက်အရ သိရှိရပါသည် ။ ရှေ့၌ မန်ယူအားဝယ်ယူမည်ဟုသတင်းထွက်ရှိခဲ့သည့် ကာတာလုပ်ငန်းစုမှာ နောက်ကျကျန်ခဲ့ဖွယ်ရှိနေသည် ။ Ratcliffe မှ မန်ချက်စတာယူနိုက်တက်ကို ကမ်းလှမ်းမှုဟာ စံချိန်တင်ပေါင် 6 ဘီလီယံအထိ ရောက်ရှိနေခဲ့ပြီး ဂလေဇာ မိသားစုမှ ရှယ်ယာ 25% ကို ဆက်လက်ပိုင်ဆိုင်စေမည်ဖြစ်ပြီး ၊ ၎င်းအချက်ဟာ ဂလေဇာမိသားစုက သူ့ကိုရွေးချယ်ဖြစ်ဖို့ အရေးကြီးတဲ့အကြောင်းရင်းတစ်ခုအဖြစ် ရှုမြင်ခံထားရပါတယ်။

“Daily Mail” ၏ သီးသန့်သတင်းရင်းမြစ်များက Ratcliffe ၏ Ineos Group သည် မန်ချက်စတာယူနိုက်တက်၏ ရှယ်ယာများကို အပြည့်အ၀ ရယူမည်မဟုတ်သော်လည်း မန်ယူအသင်း၏ ပိုင်ရှင်သစ်ဖြစ်လာမည်မှာ အံ့သြစရာမဟုတ်ကြောင်း ပြောကြားခဲ့သည်။ ဗြိတိန်နွယ်ဖွား Ratcliffe သည် ကာတာလုပ်ငန်းစုကဲ့သို့သော ပြိုင်ဘက်များထက် သာလွန်နေပြီး ဂလေဇာများ၏ မျက်နှာသာပေးခြင်းခံရကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူများကဆိုသည်။ “The Times” မှ ညွှန်ပြသည်မှာ ယခုသီတင်းပတ်အတွင်း အပြီးသတ် အရောင်းအဝယ်ရလဒ်များ ထွက်ပေါ်မည် မဟုတ်သော်လည်း နိဂုံးချုပ်သည် မျက်မြင်ဖြစ်နေပြီဟု ထောက်ပြသည်။

Ratcliffe မှ မန်ယူအားဝယ်ယူနိုင်မည့် အခွင့်အရေးရရှိမည်ဟုထင်ရခြင်း၏ အဓိကအကြောင်းရင်းနှစ်ရပ်ရှိကြောင်း ဗြိတိန်မီဒီယာများက တစ်ညီတစ်ညွတ်တည်းရေးသားဖော်ပြခဲ့ကြသည် ။ – ၁- ၎င်း၏ကမ်းလှမ်းမှုသည် ကာတာလုပ်ငန်းစုထက် စျေးမြင့်မားပြီး ၎င်းသည် မန်ယူအသင်းကို ပေါင် ၅ ဘီလီယံကျော်တန်ကြေးဖြင့် လေလံဆွဲသောတစ်ဦးတည်းသောသူဖြစ်ပြီး၊ Goal.com က Ratcliffe မှ ကမ်းလှမ်းမှုမှာ ပေါင် 6 ဘီလီယံရှိသည်ဟုပင် ဖော်ပြထားခဲ့ပါသည်။ -၂- Ratcliffe မှ ဂလေဇာမိသားစုအတွက် ရှယ်ယာ 25% နီးပါးပေးမည်ဟု သဘောတူညီထားပြီး ဒါဟာ မန်ယူ၏ရှယ်ယာအားဆက်လက်ပိုင်ဆိုင်ခွင့်ရရှိရေးကို အလေးထားသော ဂလေဇာမိသားစုအတွက် မရုန်းထွက်နိုင်ဖြစ်စေသော အကြောင်းဖြစ်ဖွယ်ရှိသည် ဟုရေးသားထားကြပါသည်။

ကြီးမားသောအပြောင်းအလဲဖြစ်စေနိုင်မှု ၊ ဗြိတိန်ဘီလီယံနာ မှ ပေါင် 6 ဘီလီယံဖြင့် မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူမည်ဟုကမ်းလှမ်းထားမှုမှာအတော်နီးစပ်နေပြီဟုသိရှိရပါသည်။-Soccer Live Scores | Latest Results & Fixtures

သို့သော်လည်း၊ “Post” က Ratcliffe သည် ဂလေဇာမိသားစုအား မန်ချက်စတာယူနိုက်တက်၏ ရှယ်ယာ 25% ကို အမြဲရယူပိုင်ဆိုင်ခွင့်ပေးမယ် ဟု မထင်မှတ်ကြောင်း ပြောကြားခဲ့သည်။ Plan အရ Ratcliffe သည် လတ်တလောကာလ၌ မန်ချက်စတာယူနိုက်တက်၏ ရှယ်ယာအများဆုံး ပိုင်ဆိုင်သူဖြစ်လာစေရန် ယခုအကြိမ်တွင် မန်ချက်စတာယူနိုက်တက်၏ ရှယ်ယာအများစုကို ဝယ်ယူထားပြီး (50%ထက်များနိုင်) ၊ နောက်သုံးနှစ်အတွင်း ဂလေဇာမိသားစုမှ ပိုင်ဆိုင်သောရှယ်ယာများကို ထပ်မံသိမ်းပိုက်ပြီး၊ အဲနောက်တော့ မန်ယူ၏ရှယ်ယာ 100% ပိုင်ဆိုင်ခွင့်ရရန် လုပ်ဆောင်နိုင်ဖွယ်ရှိသည်ဟု ရေးသားဖော်ပြထားပါသည်။

Sheikh Jassim ၏ ကာတာလုပ်ငန်းစုသည် ယခင်က မန်ချက်စတာယူနိုက်တက်၏ ပိုင်ရှင်သစ်အတွက် ရေပန်းအစားဆုံးအဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း ၎င်းတို့သည် ဤ “ကိစ္စ” ၌နောက်ကျကျန်ခဲ့ဖွယ်ဖြစ်နေခဲ့ပါသည်။ The Post က ကာတာလုပ်ငန်းစုကို ဂလေဇာမိသားစုမှ ရွေးချယ်ဖို့ရာမဖြစ်နိုင်တဲ့ အဓိကအကြောင်းရင်းနှစ်ရပ် ရှိကြောင်း ဖော်ပြခဲ့သည်။ ၁ – ၎င်းတို့တွင် ငွေရှိသော်လည်းစျေးဖွင့်မှုမှာ ပေါင် 50 ဘီလီယံ မရှိခြင်း၊ ၂- ကာတာလုပ်ငန်းစုသည် မကြာသေးမီက Credit Suisse ၏ ဒေဝါလီခံမှုကြောင့် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့သည်။

The Times က ဂလေဇာတို့သည် သဘောတူညီချက်ကို အပြီးသတ်ရန်အတွက် Ratcliffe နှင့် နောက်ဆုံးအသေးစိတ်အချက်အလက်များကို ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ ကာတာလုပ်ငန်းစုမှလည်းဤကဲ့သို့သော အခြေအနေမဖြစ်စေနိုင်ရေးအတွက် နောက်ဆုံးအနေနဲ့ ပြင်ဆင်ဆောင်ရွက်မှုလုပ်ဆောင်နေကြောင်း ရေးသားဖော်ပြခဲ့ပါသည်။ Metro ကလည်း၎င်းတို့သည် လာမည့် 11 နာရီအတွင်း ၎င်းတို့၏ကမ်းလှမ်းမှုကို တိုးမြှင့်နိုင်ဖွယ်ရှိကြောင်း ၎င်းသည်ဂလေဇာမိသားစု၏ ဆုံးဖြတ်ချက်ပြောင်းလဲမှုဖြစ်စေရန်ရည်ရွယ်ကြောင်းရေးသားဖော်ပြခဲ့ပါသည် ။

MDL97 online casino
忘记密码联系客服找回
Link Btn