ရီးယဲလ်မက်ဒရစ်အသင်းနှင့် ချစ်ကြည်ရေးပွဲမစမီ သတင်းစာရှင်းလင်းပွဲတွင် ဘာစီလိုနာအသင်းခေါင်းဆောင် ရောဘတ်တိုက ၎င်း၏အမြင်အရ ဘာစီလိုနာအသင်းမှာ အကောင်းဆုံးအသင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော့်အမြင်အရ ကျွန်တော်တို့မှာ ကမ္ဘာ့အကောင်းဆုံးအသင်းတွေရှိတယ်၊ အရာအားလုံးကို နိုင်ဖို့ ရုန်းကန်နေရတယ်၊ လာလီဂါကို နိုင်ခဲ့တယ်၊ လတ်တလော ချန်ပီယံလိဂ်ဖလားကိုတော့ မရရှိခဲ့ပါဘူး၊ ကျွန်တော်တို့ရဲ့ ကစားသမားတွေကို ကျွန်တော်ယုံကြည်ပါတယ်၊ ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ အသင်းတစ်ခုရှိပါတယ်။ အသင်းမှာ ကစားသမားသစ်တွေ ဝင်လာရင် ကြိုဆိုရမှာပါ။နှစ်တိုင်း တိုးတက်ဖို့ လိုအပ်ပါတယ်၊ ဒီနှစ်မှာတော့ အသင်းအတွက် ခေါ်ယူခဲ့တဲ့ ကစားသမားအသစ်တွေ အရမ်းကောင်းနေပြီး၊ အရေးပါတဲ့ ကစားသမားတွေ ဆုံးရှုံးနေပေမယ့် ကစားသမားသစ်တွေ ရောက်ရှိလာတာကြောင့် အသင်းကို ပိုကောင်းအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ အရာအားလုံးကို အနိုင်ယူဖို့ တိုက်ပွဲဝင်နေတဲ့ အသင်းကောင်းတစ်သင်းပါ ”
” Wembley မှာ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ဖို့ စိတ်ကူးထဲမှာ ပုံရိပ်တွေ ပေါ်လာပါနေပါတယ် ၊ ဒါဟာ ထူးခြားမှုတစ်ခုဖြစ်လာမှာပါ၊ တခြားအသင်းခေါင်းဆောင်တွေ လျှောက်လှမ်းခဲ့တဲ့လမ်းကို လျှောက်လှမ်းနိုင်ခဲ့လို့ ဂုဏ်ယူမိပါတယ်။ ဘာစီလိုနာ ရဲ့ ပထမဆုံးအသင်းခေါင်းဆောင်ဖြစ်လာဖို့က ကျွန်တော့်ရဲ့အိမ်မက်ပါ ။ ဒါဟာ ဂုဏ်ယူစရာ ကိစ္စဘဲ ၊ ချန်ပီယံလိဂ် ဖလား ကို သာ ကိုင်မြောက် နိုင်ခဲ့ရင် ပိုကောင်းတာပေါ့ ။
ဒမ်ဘီလီ၏ အပြောင်းအရွှေ့ ကောလာဟလများနှင့် ပတ်သက်၍ ရောဘတ်တိုက “ဒါမျိုး မဖြစ်ဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူက အသင်းမှာ ဆုံးဖြတ်ချက် အပြတ်သားဆုံး ကစားသမားပါ။”