ရိုမန်နို၏ အဆိုအရ မန်ချက်စတာ ယူနိုက်တက် အသင်းသည် နာပိုလီနောက်ခံလူ ကင်မင်ဂျေးကို စိတ်ဝင်စားနေပြီး၊ သူ၏လက်ရှိစာချုပ်မှာ ဂျူလိုင်လတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည် ။
ရိုမန်နိုက ကင်မင်ကျေး ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ခေါ်ယူမယ့်လူစာရင်းမှာ ပါဝင်လာခဲ့ပေမယ့် အဲအတောအတွင်း အသင်းမှညှိနှိုင်းမှု၊ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မပြုလုပ်ခဲ့ပါဘူး။“
“ကင်မင်ဂျေးရဲ့စာချုပ်ဟာ ဇူလိုင်လမှာပြီးဆုံးမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်က သူ့ကို စိတ်ဝင်စားနေပြီး နာပိုလီ ကလည်း သူ့နဲ့ စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားနေပါတယ် ။” လို့ပြောကြားခဲ့ပါတယ်။
ယခုရာသီတွင် ကင်မင်ဂျေးသည် နာပိုလီ ဗဟိုနောက်ခံလူအဖြစ် စီးရီးအေချန်ပီယံဆုရရန် ကူညီကစားခဲ့ပါသည် ။