လာပေါ်တီသည် ယခုနွေရာသီတွင် မန်စီးတီးမှ ထွက်ခွာဖွယ်ရှိကြောင်း The Times က ဖော်ပြခဲ့ပြီး ဘာစီလိုနာနှင့်တော့တင်ဟမ်ဟော့စပါးတို့က သူ့ကိုခေါ်ယူဖို့စိတ်ဝင်စားလျက်ရှိပြီး ၊ မန်စီးတီးက ဂွါဒီအိုလ် ကိုလူစားထိုးကစားရန်ခေါ်ယူဖို့ စဉ်းစားလျက်ရှိကြောင်း သိရှိရပါသည်။
မန်ချက်စတာစီးတီးသည် ယခုနွေရာသီတွင် ၎င်းတို့၏ခံစစ်ကို ပြုပြင်ပြောင်းလဲနိုင်ဖွယ်ရှိကြောင်း မီဒီယာများကထောက်ပြကြပြီး ကမ္ဘာ့ဖလားပြီးနောက် ပရီးမီးယားလိဂ်တွင် 6 ကြိမ်သာ ပါဝင်ကစားခဲ့သော လာပေါ်တီသည်အသင်းမှ ထွက်ခွာဖွယ်ရှိနေသည်။ အသက် 28 နှစ်အရွယ် စပိန်လက်ရွေးစင်ကစားဟာ လက်ရှိစာချုပ်သက်တမ်းနှစ်နှစ်ကျန်ရှိပြီး ဘာစီလိုနာနဲ့ တော့တင်ဟမ်ဟော့စပါးတို့လို ကလပ်တွေက သူ့ရဲ့ လှုပ်ရှားမှုတွေကို အာရုံစိုက်စောင့်ကြည့်လျက်ရှိနေကြပါတယ်။
အကယ်၍ လာပေါ်တီသည် အသင်းမှထွက်ခွာပါက မန်စီးတီးသည် နောက်ထပ် ဘယ်ခြေ ဗဟိုနောက်ခံလူတစ်ဦးကို ခေါ်ယူကစားဖွယ်ရှိနေပါသည်။ အသက် 21 နှစ်အရွယ်ခရိုအေးရှားဗဟိုနောက်ခံလူ ဂွါဒီအိုလ် သည်နောက်တန်းကစားသမားအဖြစ်လည်းကစားနိုင်ပြီး အလားအလာအကောင်းဆုံးလည်းဖြစ်သည်။ သူ၏ လက်ရှိစာချုပ်သည်2027 တွင်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်ဖျက်သိမ်းကြေး ယူရို 114 သန်းရှိသော်လည်း လိုက်ဇစ်ပ် သည်ယူရိုသန်း 100 ဖြင့်ရောင်းချရန်မျှော်လင့်နေသည်။ . လီဗာပူး နဲ့ ချဲလ်ဆီး တို့ဟာလည်း ဂွါဒီအိုလ်ကို စောင့်ကြည့်လျက်ရှိနေကြပါသည်။
Financial Fair Play အရ လိုက်ဇစ်ပ် သည် စည်းမျဉ်းများနှင့်အညီ ကစားသမားများကို ရောင်းချရန် လိုအပ်ပါသည်။ ယခင်သတင်းများအရ Nkunku သည် ယခုနွေရာသီတွင် ချဲလ်ဆီးသို့ ပြောင်းရွှေ့ကစားမည်ဟုအတည်ပြုထားပြီး Laimer သည်လည်း ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်ချုပ်ဆိုထားပါသည်။ ပိုမိုကောင်းမွန်သောကမ်းလှမ်းမှုတစ်ခုရရှိပါက လိုက်ဇစ်ပ် သည် ဂွါဒီအိုလ်ကို ယူရိုသန်း 100 အောက်ဖြင့်ရောင်းချရန်ဆန္ဒရှိနေသည်။