ဘင်ဖီကာသည် အိန်ဂျယ်ဒီမာရီယာကို ခေါ်ယူရန် နီးစပ်နေပြီဖြစ်ပြီး ဆွေးနွေးမှုများသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ပြီး ဆက်လက်လုပ်ဆောင်ရန် အသေးစိတ်အချက်အလက်များသာ ကျန်ရှိပါတော့သည်

ဘင်ဖီကာသည် အိန်ဂျယ်ဒီမာရီယာကို ခေါ်ယူရန် နီးစပ်နေပြီဖြစ်ပြီး ဆွေးနွေးမှုများသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ပြီး ဆက်လက်လုပ်ဆောင်ရန် အသေးစိတ်အချက်အလက်များသာ ကျန်ရှိပါတော့သည်-Soccer Live Scores | Latest Results & Fixtures

နာမည်ကြီး အပြောင်းအရွှေ့ ကျွမ်းကျင်သူ Romano ၏ အဆိုအရ ဘင်ဖီကာသည် ဒီမာရီယာကို ခေါ်ယူရန် အလွန်နီးစပ်နေပြီး အာဂျင်တီးနားသား သည် မိခင်အသင်းလို့ညွှန်းဆိုနိုင်သော ဘင်ဖီကာသို့ပြန်လည်သွားရောက်ကစားမည် ဖြစ်သည်။

နှစ်ဘက်ကြား စေ့စပ်ညှိနှိုင်းမှုသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ပြီး အသေးစိတ်အချက်အလတ်အချို့သာ အပြီးသတ်ရန် ကျန်ရှိနေသေးကြောင်း Romano က ပြောကြားခဲ့သည်။ အစီအစဉ်အတိုင်းသာ လက်မှတ်ရေးထိုးမည်ဆိုပါက လာမည့်ရက်အနည်းငယ်အတွင်း တရားဝင်ကြေငြာချက်ထွက်ပေါ်လာမည်ဖြစ်ပြီး စာချုပ်သက်တမ်းမှာ 2024 ခုနှစ် ဇွန်လအထိဖြစ်သည်။

2007 ခုနှစ် ဇူလိုင်လတွင် အသက် 19 နှစ်အရွယ် ဒီမာရီယာကို အာဂျင်တီးနားကလပ် Losario Central မှ ပေါ်တူဂီစူပါလိဂ်ကလပ် ဘင်ဖီကာသို့ ယူရို 8 သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။ ဒီမာရီယာသည် ဘင်ဖီကာတွင် ၎င်း၏ ၃ ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း 120 တွင် အသင်းကို ကိုယ်စားပြုကစားခဲ့ပြီး 15 ဂိုးသွင်းယူကာ 27 ဂိုးဖန်တီးမှု ပြုလုပ်ခဲ့သည်။ 2009 ခုနှစ်တွင် အသင်းနှင့်အတူ ပေါ်တူဂီလိဂ်ဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။

လက်ရှိမှာ ဒီမာရီယာဟာ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးပြီး ဂျူဗင်တပ်စ်အသင်းနဲ့ ဒီလ ၃၀ ရက်နေ့မှာ သက်တမ်းကုန်မှာဖြစ်ပြီး အသင်းမှအလွတ်နဲ့ထွက်ခွါနိုင်တော့မှာဖြစ်ပါသည်။

ဒီမာရီယာအတွက်၊ ဤအပြောင်းအရွှေ့သည် မိခင်အသင်းသို့ပြန်လည်ရောက်ရှိသည်နှင့် ညွှန်းဆိုနိုင်သည်။ ဒီနေရာမှာ ပထမကလပ်အသင်းအနေနဲ့စတင်ကစားခဲ့တာမဟုတ်ပေမယ့် ဤအရပ်၌သာ နာမည်ကြီးသွားရ၏။ ဘင်ဖီကာမှာ သူ့ရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေကြောင့် ရီးယဲလ်မက်ဒရစ်က သူ့ကို မျက်နှာသာပေးခဲ့တာပါ၊ အဲနောက် သူ၏ ကြီးကျယ်ခမ်းနားသောကလပ်အသင်း ခရီးစဉ် ကို စတင်နိုင်ခဲ့သည်။

MDL97 online casino
忘记密码联系客服找回
Link Btn