ဘက်ခမ်း- မက်ဆီက အင်တာမီယာမီကို ပြောင်းရွှေ့မယ်လို့ ကြေညာပြီးနောက်မှာ ကျွန်တော်ဆီမက်ဆေ့ခ်ျ ၁ သန်းလောက် ဝင်ခဲ့ပါတယ်

ဘက်ခမ်း- မက်ဆီက အင်တာမီယာမီကို ပြောင်းရွှေ့မယ်လို့ ကြေညာပြီးနောက်မှာ ကျွန်တော်ဆီမက်ဆေ့ခ်ျ ၁ သန်းလောက် ဝင်ခဲ့ပါတယ်-Soccer Live Scores | Latest Results & Fixtures

အင်တာမီယာမီအသင်းပိုင်ရှင် ဒေးဗစ်ဘက်ခမ်းက မက်ဆီရောက်ရှိမှု၊ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အနီကတ်ပြသခံခဲ့ရသည့်အကြောင်း၊ ကန်တိုနာနှင့် ဖာဂူဆန်တို့ အကြောင်း တက်ရောက်ခဲ့သည့် ပွဲတစ်ခုတွင် မိန့်ခွန်း ပြောကြားခဲ့သည်။

– မက်ဆီ နဲ့ ချိတ်ဆက်မှု

“အဲဒီနေ့က ကျွန်တော်နိုးလာပြီး ကျွန်တော့်ဖုန်းထဲမှာ မက်ဆေ့ချ်ပေါင်း တစ်သန်းလောက်ရှိနေတယ်၊ ​​ကျွန်တ်ေကဘာများဖြစ်နေတာလဲပေါ့၊ မက်ဆီက အင်တာမီယာမီကို ရောက်ရှိလာတော့မယ်လို့ ကြေညာခဲ့တာကို ကြားခဲ့ရပေမယ့် ကျွန်တော် ဝန်ခံရမှာက ဒါဟာ အံ့ဩစရာကိစ္စတော့ မဟုတ်ပါဘူး။ အခွင့်အရေးရတိုင်း ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေကို ဒီကို ခေါ်လာပေးမှာပါ၊ သူတို့ရဲ့ ကစားသမားဘဝ ဘယ်အဆင့်မှာပဲဖြစ်ဖြစ် ကျွန်တော်အဲလိုပဲ လုပ်မှာပါ၊ ဒါက ပရိသတ်တွေကို ကျွန်တော်ပေးထားတဲ့ကတိပါ။

“ဒါကြောင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားက လာဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ ဒါဟာ အင်မတန် ပျော်ရွှင်ရတဲ့ အခိုက်အတန့်ပါပဲ၊ မဟုတ်ဘူးလား၊ မက်ဆီက အရာရာကို အနိုင်ယူနိုင်တဲ့ ထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါ၊ ငယ်ရွယ်သေးပြီး၊ သူ့မှာ ရည်းမှန်းချက်တွေ ရှိနေတုန်းပါပဲ၊ သူက ကျွန်တော့်အသင်းအတွက် ကစားပေးချင်ပါတယ် ဆိုတာ ဘယ်လောက်ကောင်းပါသလဲ။”

– ၁၉၉၈ ကမ္ဘာ့ဖလားတုန်းက အနီကတ်ပြခဲ့ခဲ့ရတယ်။

“အဲဒီအခိုက်အတန့်ကို ကျွန်တော်အမြဲတမ်းပြန်တွေးပြီး အဲဒါက ကျွန်တော့်ကို သက်ရောက်မှုရှိနေဆဲဆိုတာ ဝန်ခံရမယ်။ ကျွန်တော် ခက်ခဲပေမယ့် ကျွန်တော့်မိသားစုက ကျွန်တော့်ထက် ပိုခက်ခဲတယ်၊ ကျွန်တော့်အဘိုးက ကျွန်တော့်ကို ဖုန်းဆက်ပြီး ‘ဒေးဗစ် တစ်စုံတစ်ယောက်ကတံခါးခေါက်ပြီး နင်ကြောင့်တစ်ပြည်လုံး နှင့် မိသားစုအားလုံး မျှော်လင့်ချက်မဲ့နေပြီလို့ပြောတယ် သူ့ကို ငါဘယ်လိုဖြေရမလဲ ” လို့ ပြောခဲ့ပါတယ်။

“ကျွန်တော် လမ်းပေါ်မှာ မထွက်နိုင်ဘူး၊ စားသောက်ဆိုင်တွေ ဘားတွေ မသွားနိုင်ဘူး၊ သူငယ်ချင်းတွေက ကျွန်တော်နဲ့ အပြင်ကို မသွားချင်ဘူး၊ တိုက်ခိုက်ခံရမယ်ဆိုတာ သိတယ်။ ကျွန်တော် ကားကို မီးပွိုင့်မှာ ရပ်ထားတယ်၊ သူတို့က ငါ့ကားကို ဝင်တိုက်ကြပြီး ငါ့ကားကို တံတွေးနဲ့ထွေးကြတယ်၊ အဲလိုအဖြစ်နှစ်အတော်ကြာခဲ့တယ်”

– ထိုအချိန်တွင် နည်းပြများနှင့် အသင်းဖော်များထံမှ တုံ့ပြန်မှုများ

“အဲဒီတုန်းက Glenn ပြောခဲ့တာကို ကျွန်တော် မကြာသေးမီကပဲ သိလိုက်ရပါတယ် (အဲဒီအချိန်က အင်္ဂလန်မန်နေဂျာ Glenn Hoddle က ဘက်ခမ်းကို လူသိရှင်ကြား အပြစ်တင်ခဲ့ပါတယ်) ကျွန်တော် အံ့အားသင့်ခဲ့ရပါတယ်၊ ဒါပေမယ့် အဲ့ဒီအချိန်မှာ လူတိုင်းရဲ့ခံစားချက်ကတော့ အဲလိုစကားပြောထွက်ဖို့ဖြစ်နေပါတယ်၊ လူတိုင်း အဲအဖြစ်အတွက် အပြင်းအထန်ခံစားခဲ့ရပါတယ်”

“အဝတ်လဲခန်းထဲမှာ တကယ့်ခေါင်းဆောင်တစ်ယောက်ရှိတယ်၊ အဲ့ဒါက Adams ဖြစ်ပြီး၊ ကျွန်တော်အရမ်းစိတ်ပျက်အားငယ်ချိန် သူက စိတ်မပူပါနဲ့ ကလေးရယ်၊ မင်းအမှားတွေလုပ်ထားပေမယ့် ဆက်သွားလိုက်ပါ။ ဒါဟာငါ့အတွက် မယုံနိုင်စရာပါပဲ၊ အဲဒီအခိုက်အတန့်ကို ငါဘယ်တော့မှမေ့မှာမဟုတ်ဘူး “

– ဒေးဗစ်ဖခင်

“သူက တင်းကြပ်တယ်၊ ကစားရတာကိုတော်တော်ခက်ခဲနေပြီ၊ ဒါပေမယ့် ငါဘယ်လိုကစားနေပါစေ ငါမှားနေတာတွေကို သူ အမြဲတမ်း ရွေးထုတ်နိုင်တယ်။ ကျွန်တော်မှတ်မိတဲ့ တစ်ခုတည်းသော အချိန် က ကျွန်တော် အင်္ဂလန်အတွက် ကျွန်တော့်ရဲ့ 100 မြောက်ပွဲ ကစားတုန်းက သူက ငါ့ဆီ ခုန်လာပြီး ‘မင်းအောင်မြင်ပြီ’ မင်းက အရမ်းတော်တယ် ‘”လို့ပြောခဲ့တယ်။

-ကန်တိုနာ

“ကန်တိုနာ က ကျွန်တော့်ရဲ့ သူရဲကောင်းတွေထဲက တစ်ယောက်ဖြစ်ပြီး အဲဒီဂိုး (ဝမ်ဘယ်လ်ဒန်မှာ ဘက်ခမ်းနဲ့ ပွဲချိန်တစ်ဝက်) အပြီးမှာ သူက စကားများများစားစား မပြောခဲ့ဘူး၊သူက” ဒေးဗစ် ဒါဟာအံ့ဩစရာကောင်းတဲ့ ဂိုးသွင်းမှုပဲ။ ဒါက မင်းစိတ်ကူးထားတဲ့ ဂိုးသွင်းမှုပါပဲ” လို့ပဲပြာခဲ့တယ်။

– ဖာဂူဆန်

“ကျွန်တော် သူ့ဆီ လျှောက်လာခဲ့ပြီး သူက ကျွန်တော့်ကို ချီးကျူးပြီး ပွေ့ဖက်ပေးမယ်လို့ ထင်ခဲ့ပေမယ့် ‘ဘတ်စ်ကားပေါ်တက်၊ ဘယ်သူနဲ့မှ စကားမပြောနဲ့၊ နည်းပြက ကျွန်တော့်ကို အကာအကွယ်ပေးတယ်ဆိုတာ ကျွန်တော်သိပြီး သူက ကျွန်တော့်ကို မီဒီယာ​တွေနဲ့ဝေးနေစေချင်တယ်။ ဘာလို့လဲဆို​တော့ က ဂိုးသွင်းမှုကြောင့် ​ဘာတွေဖြစ်လာမလဲမယ်​ဆိုတာကို သူအတိအကျသိ​နေ​လို့​ပေါ့​ ”

-မန်ချက်စတာယူနိုက်တက်မှထွက်ခွာ

“အဲဒီတုန်းက ကျွန်တော် မန်ချက်စတာယူနိုက်တက်မှာ ကစားသမားဘဝ တစ်ခုလုံးကို ကုန်ဆုံးတော့မယ်လို့ ထင်ခဲ့တယ်၊ ထွက်ခွာဖို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး၊ တခြားအသင်းတွေအတွက် ကစားဖို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ (၃) နှစ်ကြာအောင် (ထွက်ခွာပြီးနောက်) မန်ချက်စတာယူနိုက်တက်အကြောင်း တီဗီကြည့်လို့တောင် မရတော့ဘူး။ သူတို့ကို ပရိသတ်တစ်ဦးအနေနဲ့ သာအားပေးနေရတာကို ကျွန်တော့် မခံစားနိုင်ခဲ့ပါဘူး”

 

 

 

MDL97 online casino
忘记密码联系客服找回
Link Btn