ဂျာမန်မီဒီယာ “Kicker” ၏ဖော်ပြချက်အရ အာဆင်နယ်ကစားသမား ဆာကာနှင့် လေဗာကူဆင်တို့ သဘောတူညီမှုရရှိခဲ့ပြီး ၎င်းတို့နှစ်ဦးသည် 2027 ခုနှစ်အထိ စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်းသိရှိရပါသည်။
အဆိုပါ အပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေးမှာ ယူရို 15 သန်းဖြစ်ပြီး၊ ဆာကာ မှ အာဆင်နယ်နည်းပြ အာတီတာအား ၎င်း၏ လက်ရှိချုပ်သည် လာမည့်နှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး၊ သူမှဆက်လက် သက်တမ်းတို့ဖို့ မရှိကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
ဆာကာ ဟာ ဘွန်ဒစ်လီဂါ ကို ပြန်သွားရတဲ့ အကြောင်းရင်းကတော့ သူ့ဇနီးက ဂျာမနီကို ပြန်အခြေချဖို့ မျှော်လင့်နေတာကြောင့် ဖြစ်ပါတယ်။ ဆာကာ ၏ဇနီးသည် ဂျာမဏီတွင် နှစ်အတော်ကြာနေထိုင်ခဲ့သော အယ်လ်ဘေးနီးယန်းမော်ဒယ်တစ်ဦးဖြစ်ပြီး ဂျာမနီနိုင်ငံ၏ Rhine ဒေသသည် ၎င်းတို့နှစ်ဦးတွေ့ဆုံခဲ့ရသောနေရာလည်းဖြစ်ပါသည်။
အခြားဂျာမန်မီဒီယာ “Sport Bild” မှဖော်ပြသည်မှာ ဆာကာ မှ လေဗာကူဆင်သို့ ပြောင်းရွှေ့မှုသည် ယခုနှစ် ဇွန်လအစောပိုင်းတွင် ရာနှုန်းပြည့်ပြီးစီးမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။